**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

“Beautiful Garden”

“Beautiful Garden”

Any kinds of different color
There are any kinds of different color flower
in the garden.
It is natural beauty and natural smart;
Likewise. . . . . . . . . .
Although any kinds groups of ethnic,
any kinds of doctrine,
When I have been learnt new education
in our school for our country
with tie of fire wood;

Zarmanii ( C. D . C )

“ချစ်သူ”

“ချစ်သူ”

ချစ်သူ
မင်းကိုတစ်ခါ သတိရမိတိုင်း
ပန်းတစ်ပွင့် ပွင့်မည်ဆိုရင်
ကိုယ့်ရဲ့ဥယဉ်ထဲမှာ ရောင်စုံပန်းလေးတွေနဲ့
ဝေဆာနေမှာပါ။
ချစ်သူ
မင်းကိုတစ်ခါ တမ်းတမိတိုင်း
ကဗျာတစ်ပုဒ် ဖွဲ့မည်ဆိုရင်
ကိုယ့်ရဲ့အချစ်စာကြည့်တိုက်ကြီးထဲမှာ
ကာရန်လေးတွေ လွင့်ပျံနေမှာပါ။
ချစ်သူ
မင်းကိုတစ်ခါ လွမ်းဆွတ်မိတိုင်း
မျက်ရည်တစ်စက် ကျမည်ဆိုရင်
ကိုယ့်ရဲ့ဖျော့တော့တော့ မျက်ဝန်းအိမ်ထဲမှာ
ကန္တာရလို ခြောက်ကပ်နေမှာပါ။

ဇာမဏီ ( စီဒီစီ )

“သူသိပါစေ”

“သူသိပါစေ”

လွမ်းရရက်တွေ လက်ချိုးရေသော်
ရက်ပေါင်းများစွာ ရှိခဲ့ပြီ။
လွမ်းရနာရီ တွက်ရေမိသော်
နာရီများစွာ ကုန်ခဲ့ပြီ။
လွမ်းရမိနစ် တွက်ဆမိသော်
မိနစ်များစွာ ခွဲခဲ့ပြီ။
လွမ်းရစက္ကန့် မှန်းဆကြည့်သော်
စက္ကန့်များစွာ ကြာခဲ့ပြီ။
(သူ) ပြန်လာမဲ့နေ့ မျှော်လင့်မိသော်
စိတ်မှာအမြဲမောရသည်။

ဇာမဏီ ( စီဒီစီ )
**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**