**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

“ချစ်သူ”

“ချစ်သူ”

ချစ်သူ
မင်းကိုတစ်ခါ သတိရမိတိုင်း
ပန်းတစ်ပွင့် ပွင့်မည်ဆိုရင်
ကိုယ့်ရဲ့ဥယဉ်ထဲမှာ ရောင်စုံပန်းလေးတွေနဲ့
ဝေဆာနေမှာပါ။
ချစ်သူ
မင်းကိုတစ်ခါ တမ်းတမိတိုင်း
ကဗျာတစ်ပုဒ် ဖွဲ့မည်ဆိုရင်
ကိုယ့်ရဲ့အချစ်စာကြည့်တိုက်ကြီးထဲမှာ
ကာရန်လေးတွေ လွင့်ပျံနေမှာပါ။
ချစ်သူ
မင်းကိုတစ်ခါ လွမ်းဆွတ်မိတိုင်း
မျက်ရည်တစ်စက် ကျမည်ဆိုရင်
ကိုယ့်ရဲ့ဖျော့တော့တော့ မျက်ဝန်းအိမ်ထဲမှာ
ကန္တာရလို ခြောက်ကပ်နေမှာပါ။

ဇာမဏီ ( စီဒီစီ )

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**