**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

အပြစ်ရှိသူ

" အပြစ်ရှိသူ"
ငှက်ကလေးတွေက
တိုးတိုးလေးဆိုညည်းနေလေရဲ့ 
မင်းသစ္စာမဲ့တယ်တဲ့။
နေမင်းကြီးကလည်း
သတိပေးနေလေရဲ့ 
မင်းမှားနေတယ်တဲ့။
လမင်းကြီးကလည်း
အပြေးကလေးလာပြောနေလေရဲ့ 
မင်းကြောင့်ပန်းလေးတစ်ပွင့်
ညှိုးနွမ်းနေတယ်တဲ့။
ဆုံနေကြနေရာလေးတွေမှာတောင်
ဒို့တွေမရှိလို့
အရာရာ အကျည်းတန်နေကြပြီ။
မှန်ပါတယ်..............
အားလုံးဟာ ကျွန်တော့်အပြစ်ပါလို့
ရွေ့ လျားနေတဲ့ တိမ်တိုက်တွေ
ရပ်တန့်သွားတဲ့အထိ
အော်ပြောချင်မိပါတယ်။
တကယ်တော့............
ခြောက်သွေ့တဲ့ ကန္တာရထဲကို
မငြီးမငြူ သွန်းဖြိုးပေနေတဲ့
မိုးရေစက်လေးတွေကို
ကျွန်တော်ချစ်ပါတယ်။
သူတို့က
ကျွန်တော့်ရဲ့  နှလုံးသားကို
ခြောက်သွေ့မှုရဲ့ 
ပြင်ပဆီကို ပို့ပေးကြတယ်။
တစ်နေ့မှာ.........
သာယာတဲ့ မိုးသက်လေညှင်းလေးတွေရဲ့ နောက်မှာ
သင်နဲ့အတူ
မခွဲတမ်း လွင့်မျောနေမှာပါလို့
အချိန်ရှိတိုင်း ရေရွတ်နေမိတယ်
မိုးစက်လေးရယ်..............။
ဇာမဏီ ( စီဒီစီ )
19-4-2009

1 comments:

မြတ်သွယ် said...

ဒီကဗျာလေးရဲ့ ရည်ညွှန်းတဲ့ပုံစံလေးကို နှစ်သက်တယ်း)
ဘယ်လိုမှတော့ သဘောမထားစေချင်ပါဘူး
အကြံတစ်ခုပေးချင်လို့ပါ
-တစ်နေ့မှာ.........
သာယာတဲ့ မိုးသက်လေညှင်းလေးတွေရဲ့ နောက်မှာ-
အဲ့ဒီအပိုဒ်ရဲ့ တစ်နေ့မှာကို တစ်နေ့တော့ဆိုရင် ပိုလှသွားမလားလို့ပါ
မကြိုက်ရင်တောင်းပန်ပါတယ်း)

အားပေးသွားပါတယ်
ခင်မင်စွာဖြင့်

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**