**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

အစပျောက်သောကြိုး

ငါ........ကမ္ဘာမြေပေါ်စနင်းတဲ့အချိန်
ဧဒင်ဥယဉ်ထဲအလည်သွားခဲ့တယ်
အရာရာဟာ ပကတိငြိမ်သက်လို့ပေါ့
တည်ငြိမ်နေတဲ့ ရေပြင်ထဲခဲတစ်လုံး
ပစ်ချခဲ့ဖူးတယ်
အိပ်ပျော်နေတဲ့ နှလုံးသားတွေကို
အချစ်နဲ့ရစ်ပတ် အားလုံးကို နိုးထစေခဲ့တယ်။
ငါ........တစ်ခါတစ်လေ ဝတ်ရည်ဖြစ်ခဲ့ဖူးတယ်
ဒါပေါ့မယ့် အရသာမဲ့ ခါးခါးသက်သက် ပျားရည်တစ်ပုလင်း
များပြားလှတဲ့ လိပ်ပြာတွေထဲ ငါစိုးစံခဲ့တယ်။
ငါ......ဘာကောင်လည်း အဖြူ အမဲ အဝါ အနီ
သေချာတာက ရှုပ်ထွေးနေတဲ့ စိတ္တဇဆန်ဆန် ပန်ချီကားတစ်ချပ်
ကမ္ဘာမြေကို တစ်ပတ်ပတ်လို့ ငါမောတဲ့အချိန်
ငါဟာ ဂြိုလ်ဆိုးတစ်ကောင်ဖြစ်နေပြီ
ဝေဝါးနေတဲ့ မျက်လုံးအောက်မှာ အရိပ်တွေပဲကျန်ခဲ့တယ်
ဧဒင်ကတော့ လက်ပြဆဲ။

( ဇာမဏီ ) စီဒီစီ
၁၃၊၃၊၂၀၁၀

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**