ငှက်ကလေးတွေက
တိုးတိုးလေးဆိုညည်းနေလေရဲ့
မင်းသစ္စာမဲ့တယ်တဲ့။
နေမင်းကြိးကလည်း
သတိပေးနေလေရဲ့
မင်းမှားတယ်တဲ့။
လမင်းကြီးကလည်း
အပြေကလေးလာပြောနေလေရဲ့
မင်းကြောင့် ပန်းလေးတစ်ပွင့်
ညှိုးနွမ်းနေတယ်တဲ့။
ဆုံနေကြနေရာလေးတွေမှာတောင်
ဒို့တွေမရှိလို့
အရာရာ အကျည်းတန်နေကြပြီ။
မှန်ပါတယ်....
အရာအားလုံးဟာ ကျတော်အပြစ်ပါလို့
ရွေလျားနေတဲ့ တိမ်တိုက်တွေ
ရပ်တန့်သွားတဲ့အထိ
အော်ပြောချင်မိပါတယ်...။
တစ်ကယ်တော့......
ခြောက်သွေ့ ကန္တာ ရထဲကို
မငြီးမငြူ သွန်းဖြိုးပေးနေတဲ့
မိုးရေစက်လေးတွေကို
ကျွန်တော်ချစ်ပါတယ်။
သူတို့က
ကျတော်နှလုံးသားကို
ခြောက်သွေ့မူရဲ့
ပြင်ပြဆီကို ပို့ပေးကြတယ်။
တစ်နေ့မှာ..........
သာယာတဲ့ မိုးသက်လေညှင်းလေးတွေရဲ့နောက်မှာ
သင်နဲ့အတူ
မခွဲတမ်းလွင့်မျောနေမှာပါလို့
အချိန်ရှိတိုင်းရေရွတ်နေမိတယ်
မိုးစက်လေးရယ်.....။
ဇာမဏီ ( စီဒီစီ )
၁၉၊၄၊၂၀၁၀
0 comments:
Post a Comment