**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

“ကာရန်မဲ့ည”

“ကာရန်မဲ့ည”
• မီးမရှိတဲ့
ခပ်နွမ်းနွမ်း တဲအိုတစ်လုံးမှာ
မှိန်ဖျော့ဖျော့ ဖယောင်းတိုင်အောက်
ကာလာမဲ့ ဘောလ်ပင်တစ်ချောင်းကို
လက်ကြားမှာညှက် ညစ်ထေးထေး
စာရွက်တစ်ရွက်မှာ စည်းချက်မဲ့
ပေါက်ဖွားနေတဲ့ စကားလုံးတွေကို
ကာရန်ညီညီ ရေးချနိုင်ဖို့
ထိုင်နေမိတယ်။
• နာရီလက်တံတွေက မရပ်မနား
ခရီးသွားနေပေမယ့်
ငါ့လက်တွေက တုံ့ဆိုင်းနေတယ်။
• ငါဟာကဗျာဆရာ တစ်ယောက်မဟုတ်
အက်ကွဲနေတဲ့ နှလုံးသားထဲက
အသစ်စက်စက် ဝေဒနာတွေကို
အန်ထုတ်ဖို့ ကြိုးစားနေတဲ့
အရူးတစ်ယောက်သာ ဖြစ်လိမ့်မယ်။
• ငါဟာပန်ချီဆရာ တစ်ယောက်မဟုတ်
ခြောက်သွေ့တဲ့ ကန္တာရထဲ
ရေရှာနေတဲ့ ခရီးသည်တော့ဖြစ်လိမ့်မယ်။
• ငါဟာမင်းသား တစ်ယောက်မဟုတ်
ခံစားချက်ကို ပါဆယ်ထုပ်
လူမသိအောင် ဟန်လုပ်နေရတဲ့
ပြယုဂ်တစ်ခုတော့ ဖြစ်လိမ့်မယ်။

ဇာမဏီ ( စီဒီစီ )

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**