**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

“ အစပျောက်သောကြိုး”

” အစပျောက်သောကြိုး”

• ငါ……ကမ္ဘာမြေပေါ်စနင်းတဲ့အချိန်
ဧဒင်ဥယဉ်ထဲ အလည်သွားခဲ့တယ်
အရာရာက ပကတိငြိမ်သက်လို့ပေါ့။
တည်ငြိမ်နေတဲ့ ရေပြင်ထဲခဲတစ်လုံး
ပစ်ချခဲ့ဖူးတယ်။
အိပ်ပျော်နေတဲ့ နှလုံးသားတွေကို
အချစ်နဲ့ရစ်ပတ် အားလုံးကိုနှိုးထစေခဲ့တယ်။

• ငါ……..တစ်ခါက၀တ်ရည်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့်အရသာမဲ့ ခါးသက်သက် ပျားရည်တစ်ပုလင်း
များပြားလှတဲ့ လိပ်ပြာတွေထဲ ငါစိုးစံခဲ့တယ်။

• ငါ………ဘာကောင်လဲ အဖြူ အမည်း အ၀ါ အနီ
သေချာတာက ရှုပ်ထွေးနေတဲ့ စိတ္တဇဆန်ဆန် ပန်ချီကားတစ်ချပ်
ကမ္ဘာမြေကို တစ်ပတ်ပတ်လို့ ငါမောတဲ့အချိန်
ငါဟာဂြိုလ်ဆိုးတစ်ကောင်ဖြစ်နေပြီ
ေ၀၀ါးနေတဲ့ မျက်လုံးအောက်မှာ အရိပ်တွေပဲ ကျန်ခဲ့တယ်
ဧဒင်ကတော့ လက်ပြနေဆဲ။

ဇာမဏီ ( စီဒီစီ )

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**