**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

“ ငှက်တစ်ကောင်၏ အထ္ထုပတ္တိ”

“ ငှက်တစ်ကောင်၏ အထ္ထုပတ္တိ”

• ငါဟာငှက်တစ်ကောင်
မဟူရာထက်နက်တဲ့ တောနက်ကြီးမှာ
ငါ့ဘ၀ကိုစတင်ခဲ့တယ်။
• ဘ၀ဆိုတဲ့ ခပ်ဆန်းဆန်းအရာတစ်ခုကို
ကျောပြင်မှာ သယ်ဆောင်ရင်း
လေနီဂျမ်းတွေနဲ့အတူ လွင့်ခဲ့တယ်။
• သေချာတာက ခရောင်းတောတစ်ခုတော့
မဟုတ်ခဲ့ လှိုင်းထန်နေတဲ့ ပင်လယ်ပြင်။
• မုန်တိုင်းတွေနဲ့ နင်လားငါလား
ဘ၀ကိုပဲ့ကိုင်သူမဲ့လို့ တစ်ခါတစ်လေမှာ
ချောက်နက်ကြီးထဲ အလည်သွားခဲ့တယ်။
• အမြင့်ဆုံးကို ပျံသန်းဖို့ဆိုတဲ့ အတွေက
ငါ့ရဲ့စိတ်ကူးယဉ်နန်းတော်ထဲ အလည်လာခဲ့ဖူးတယ်။
• တစ်ခါတစ်လေမှာ
ငှက်တစ်ကောင်ပီပီ သံစဉ်တွေနဲ့အတူအိပ်စက်တယ်။
တစ်ခါတစ်လေမှာလည်း
အထီးကျန်ခြင်းက မိတ်ဆွေဖြစ်လာခဲ့တယ်။
• ပျံသန်းလာခဲ့တဲ့ ခရီးကိုမျှော်ကြည့်ပြန်ရင်
ရင်နင့်စရာတွေကရင်ခုန်သံကို ရပ်သွားစေတယ်။
• ပျံသန်းနေတဲ့ နေရာတိုင်းက
ငါ့အတွက် အထူးအဆန်းတော့မဟုတ်
လောကကြီးကို မိတ်ဆွေဖွဲ့
လွတ်လပ်စွာ ခရီးနှင်နေရဲ့။

ဇာမဏီ ( စီဒီစီ )

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**