**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

အနမ်းတစ်ပွင့်ရဲ့ ဖွင့်ဟမှု

"အနမ်းတစ်ပွင့်ရဲ့ ဖွင့်ဟမှု"
  • မှိန်တုတ်တုတ်လမင်းကိုမော့ကြည့်ရင်း
  • မင်းအကြောင်းစဉ်းစားမိတယ်။
  • အဲ့ဒီညကပေါ့ လေညှင်းလေးတွေတောင်
  • ငါ့ရှေ့ နားက မဖြတ်သန်းကြဘူး။
  • ကြယ်လေးတွေလည်းမဖြတ်သန်းကြဘူး။
  • ငါ့ရဲ့ စိတ်တွေက လမိုက်ညလိုဘဲ
  • အရမ်းမှောင်မိုက် အကျည်းတန်နေတယ်။
  • မှတ်မှတ်ရရ..............
  • မင်းစိတ်နာတယ်လို့ ပြောတဲ့နေ့ တုန်းကပေါ့။
  • စဉ်းစားရင်းငါ့စိတ်တွေက
  • အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေတဲ့
  • သားကောင်လို အရမ်းမွန်းကျပ်နေတယ်။
  • မှတ်မိသေးတယ်.............
  • နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းတစ်ခုမှာ
  • မင်းပြောခဲ့တယ်.......အရမ်းချစ်တယ်တဲ့။
  • ပြန်စဉ်းစားရင် အိမ်မက်လိုဘဲနော်။
  • ငါ့ရဲ့ မြတ်နိုးမှုက မင်းကိုစိတ်ကုန်စေခဲ့သလား။
  • အဲ့ဒီအနမ်းက..........
  • ဖြူစင်သန့် ရှင်းမှုတွေ ၀ိုင်ရံထားတဲ့
  • အချစ်စက်ဝန်းထဲက ထွက်လာတာပါ။
  • အမည်းစက်လေးတစ်စက်တောင်
  • မယှဉ်တွဲခဲ့ပါဘူး။
  • ဒါပေမယ့်.......
  • ဖြူစင်တဲ့အနမ်းတစ်ပွင့်က
  • အမုန်းတရားကို ဖိတ်ခေါ်လိုက်သလိုဘဲနော်။
  • ကျိန်ပြောဝံ့ပါတယ်...........
  • အဲ့ဒီအရာလေးက
  • ရက်ပေါင်းလေးရာနီးပါး ( သို့  )
  • အချစ်ပေါင်းများစွာနဲ့
  • ထုဆစ်ထားတဲ့ အနမ်းတစ်ပွင့်ရယ်ပါ၊
  • အချစ်ပေးလို့
  • အမုန်းပြန်ရလည်း
  • ကျေနပ်စွာ ခံယူဖို့ အသင့်ရယ်ပါ။

ဇာမဏီ ( စီဒီစီ )

5-4-2009




0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**