**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

ဖတ်ပြီးရင်ခေါင်းညိတ်နော်

" အတိတ်စာမျက်နှာလှန်လျောခြင်း
( သို့ )
မိုးစက်အောက်ကပန်း "
  • ဂစ်တာအိုတစ်လက် ရင်မှာပိုက်ရင်း
  • မြစ်ကမ်းနံဘေးက သစ်တစ်ပင်အောက်
  • ငါထိုင်နေတဲ့ အချိန်
  • ရောက်ရာအရပ်ကို စိုက်ကြည့်နေရင်း
  • အရာရာက ငါ့ရဲ့ ရင်ကို ဖေါက်ထွင်းသွားစေတယ်။
  • လေပြေတစ်ချက်ဝှေ့အတိုက်မှာ
  • သစ်ရွက်ခြောက်တွေ ယောက်ယတ်ခတ်သွားတယ်။
  • ဘယ်ဆီသို့ရယ်မသိပေမယ့်။
  • စေနှင်ရာကိုပေါ့။
  • လှိုင်းလုံးတစ်ခါမာန်ထချိန်မှာ
  • ရေပြင်တွေယောက်ယတ်ခတ်သွားတယ်။
  • ဦးတည်ချက်မသိပေမယ့်
  • သူစေရာကိုပေါ့။
  • လွမ်းဆွတ်မှုကို အခြေခံ
  • ဆွေးမြည့်သံစဉ်တွေတည်ဆောက်
  • ပြည့်ကျပ်နေတဲ့ ဝေဒနာတွေက
  • ကြေကွဲစာသားတွေဖြစ်လာခဲ့တယ်။
  • လေညှင်းတစ်ချက်နမ်းအရှိုက်မှာ
  • မိုးသင်းရနံ့တစ်ခု
  • အမှတ်မထင် နှလုံးသားထဲ
  • တိုးဝင်လာခဲ့တယ်။
  • အုံ့မှိုင်းနေတဲ့ မိုးသားတွေကိုကြည့်ရင်း
  • အတိတ်က အရိပ်တွေ
  • အသက်ဝင်လာခဲ့တယ်။
  • အတိတ်ကအရိပ်ပေမယ့်
  • ၀ိုးတ၀ါးမဟုတ်
  • မဟောင်းနွမ်း
  • မဆွေးမြည့်
  • ရှင်သန်နေဆဲပေါ့။
  • ဘ၀ဆိုတဲ့ လမ်းတွေမှာ
  • လျှောက်လှမ်းနေရင်း
  • ပညာဆိုတဲ့ မီးခွက်ကို
  • ထွန်းညှိချိန်
  • အချစ်ဆိုတဲ့ စမ်းရေတွေက
  • အဆက်မပြတ် နှလုံးသားထဲ
  • စီးဝင်နေခဲ့တယ်။
  • " မိုး " တဲ့ နာမည်နဲ့လိုက်အောင်
  • အေးမြလွန်းတယ်။
  • " ကျွန်တော် " က အဆက်မပြတ်
  • ရွာသွန်းနေတဲ့
  • အချစ်မိုးစက်တွေ အောက်မှာ
  • ရှင်သန်နေတဲ့ ပန်းတစ်ပွင့်ရယ်ပေါ့။
  • သူရပ်တန့်တဲ့အခါ
  • နွမ်းခြောက်ရမယ့် အဖြစ်ကိုသိရက်နဲ့
  • မတွန့်မဆုတ် ဖူးပွင့်နေမိတယ်။
  • ပန်းပွင့်လေးတွေဆိုတာ
  • အေးချမ်းတဲ့ မိုးရေစက်လေးတွေကို
  • အမြဲမျှော်လင့်နေရင်းနဲ့
  • အသက်ဆက်နေသူတွေပေါ့လေ...........။

ဇာမဏီ ( စီဒီစီ )

6-4-2009

2 comments:

zue said...

သစ်ရွက်ခြောက်တွေ ယောက်ယတ်ခတ်သွားတယ်။
ဘယ်ဆီသို့ရယ်မသိပေမယ့်။
စေနှင်ရာကိုပေါ့။
လှိုင်းလုံးတစ်ခါမာန်ထချိန်မှာ
ရေပြင်တွေယောက်ယတ်ခတ်သွားတယ်။
ဦးတည်ချက်မသိပေမယ့်
သူစေရာကိုပေါ့။
အဲဒီ အပိုဒ်လေး အရမ်းသဘောကျတယ်။ အင်း ... သူစေရာကိုပေါ့...

မြတ်သွယ် said...

-ပန်းပွင့်လေးတွေဆိုတာ
အေးချမ်းတဲ့ မိုးရေစက်လေးတွေကို
အမြဲမျှော်လင့်နေရင်းနဲ့
အသက်ဆက်နေသူတွေပေါ့လေ...-
လူတစ်ယောက်ကို မြတ်သွယ်အဲ့လိုပြောတုန်းက သူကပြန်ပြောဖူးတယ်
အဲ့ဒီလိုဆို တစ်ရာသီလုံး မိုးခေါင်ဦးမယ်ထင်တယ်တဲ့ ဟီးးး
ခင်လို့ ပြောသွားတာပါ ဟီးးးး)

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**