**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

ငှက်တစ်ကောင်၏ အထ္ထုပတ္တိ

ငါဟာငှက်တစ်ကောင်
မဟူရာထက်နက်တဲ့ တော်နက်ကြီးမှာ
ငါ့ဘဝကိုစတင်ခဲ့တယ်..။
ဘဝဆိုတဲ့ ခပ်ဆန်းဆန်းအရာတစ်ခုကို
ကျောပြင်မှာသယ်ဆောင်ရင်း
လေနီဂျမ်းတွေနဲ့အတူ လွှင့်ခဲ့တယ်..။
သေချာတာက ခရောင်းတောတစ်ခုတော့
မဟုတ်ခဲ့ လှိုင်းထန်နေတဲ့ ပင်လယ်ပြင်..။
မုန်းတိုင်းတွေနဲ့ နင်လားငါလား
ဘဝကို ပဲ့ကိုင်သူမဲ့လို့ တစ်ခါတစ်လေမှာ
ချောက်နက်ကြီးထဲ အလည်သွားခဲ့တယ်..။
တစ်ခါတစ်လေမှာ
ငှက်တစ်ကောင်ပီပီ သံစဉ်တွေနဲ့ အတူအိပ်စက်တယ်..။
တစ်ခါတစ်လေမှာလည်း
အထီးကျန်ခြင်းက မိတ်ဆွေဖြစ်လာခဲ့တယ်..။
ပျံသန်းလာတဲ့ ခရီးကိုမျှော်ကြည့်ပြန်ရင်
ရင်နင့်စရာတွေက ရင်ခုန်သံကို ရပ်သွားစေတယ်..။
ပျံသန်းနေတဲ့ နေရာတိုင်းက
ငါ့အတွက် အထူးအဆန်းတော့မဟုတ်
လောကကြီးကို မိတ်ဆွေဖွဲ့
လွတ်လပ်စွာခရီးနှင်နေရဲ့..။

ဇာမဏီ ( စီဒီစီ )
၁၉၊၃၊၂၀၁၀ ( ၄း၁၀ )

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**