**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

ချစ်သူ

ချစ်သူ
မင်းကိုတစ်ခါသတိရမိတိုင်း
ပန်းတစ်ပွင့်ပွင့် မည်ဆိုရင်
ကိုယ့်ရဲ့ဥယဉ်ထဲမှာ ရောင်စုံပန်းလေးတွေနဲ့
ဝေဆာနေမှာပါ။
ချစ်သူ
မင်းကိုတစ်ခါ တမ်းတမိတိုင်း
ကဗျာတစ်ပုဒ် ဖွဲ့မည်ဆိုရင်
ကိုယ့်ရဲ့အချစ် စာကြည့်တိုက်ကြီးထဲမှာ
ကာရံလေးတွေပျံ့လွင့်နေမှာပေါ့..။
ချစ်သူ
မင်းကိုတစ်ခါလွမ်းဆွတ်မိတိုင်း
မျက်ရည်တစ်စက် ကျမည်ဆိုရင်
ကိုယ့်ရဲ့ဖျော့တော့တော့ မျက်ဝန်းအိမ်ထဲမှာ
ကန္တာရလို ခြောက်ကပ်နေမှာပါ။

ဇာမဏီ ( စီဒီစီ)
၂၄၊ ၃ ၂၀၁၀ ( ၂း ၃၈ ) Am

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**