**ရောက်ရှိလာကြတဲ့သူငယ်ချင်းတွေအားလုံးကို ကျွန်တော့်ရဲ့ ဇာမဏီဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏။**

လငပုတ်ဖမ်းတဲ့ည



“ လငပုတ် ဖမ်းတဲ့ည ”
• ဒီည……..
ကဗျာတစ်ပုဒ် ရေးမည်လုပ်၍
စာအုပ်ကိုရှာ ဘောလ်ပင်ကိုငှား
တံခါးကိုပိတ် ဂျက်ကိုချိတ်၍
တစ်ယောက်ထဲငိုင် ထိုင်နေမိတော့၏……။
• တောက်……….
အရေးထဲမှ ဘေးကအသံ
ဆူညံနေ၍ ရေးမည်ကြံဆ
ကာရံတွေက ဘယ်ပျောက်သွားပါလိမ့်…….။
• ဟော………
ဂလုံးဂလွမ်း ဖုန်းအသံက
ကျယ်လောင်စူးရှ နားပေါက်ဝသို့
ရောက်လာပြန်တော့ လှမ်းကာကောက်ကိုင်
ငြိမ်လိုက်သည်နှင့် “ဟဲလို”တစ်ခါ
ပြောပြီးတာနှင့် သူပြောသည်က
ငါ့ကိုအဆက် ဖြတ်လိုက်ပါတော့၏……တဲ့။
• ဟင်း……….
ရင်အစုံရဲ့ စုပ်သက်တစ်ချက်
မမှန်မကန် ရှုကာရှိုက်သွင်း
စိတ်ပြေလက်ပျောက် လမ်းထွက်လျှောက်၍
ကောင်းကင်ထက်ကို မှန်းကာမျှော်၍
ကြည့်လိုက်မိသည်နှင့်……….။
• ဩော်………..
ဒီညကိုက မရှိယုတ်စွ
“လငပုတ်ဖမ်း” မှောင်မိုက်ညဟု
တီးတိုးရွတ်ဆို ထိုလမင်းကို
ကြည့်နေမိပါတော့၏…………..။

ဇာမဏီ
၁၀.၁၂.၂၀၁၁

0 comments:

**post လေးတွေကိုအဆုံးထိ အခုလိုဖတ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။**